တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်အကြား ငလျင်အကြီးလှုပ်ခတ်ပြီးနောက် ငလျင်အသေး (၁၆)ကြိမ် ထပ်မံလှုပ်ခတ်သွား

ပုံတွင် ပါရှိသည့် ငလျင်လှုပ်သည့်အချိန်များမှာ ထိုင်းစံတော်ချိန်များဖြစ်သည်။ ထိုင်းစံတော်ချိန်သည် မြန်မာစံတော်ချိန်ထက် မိနစ်(၃၀) ပိုသည်။

ဇွန် 30, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံနှင့် မိုင်းဖြတ်အကြားတွင် ရစ်ချ်စတာစကေး (၅.၄)အဆင့်ရှိ ငလျင်တစ်ခု သိသိသာသာ လှုပ်ခတ်သွားပြီးနောက် နောက်ထပ် (၂)နာရီဝန်းကျင်အတွင်း အသေးစားငလျင် (၁၆)ကြိမ် ထပ်မံလှုပ်ခတ်ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံတွင် ပါရှိသည့် ငလျင်လှုပ်သည့်အချိန်များမှာ ထိုင်းစံတော်ချိန်များဖြစ်သည်။ ထိုင်းစံတော်ချိန်သည် မြန်မာစံတော်ချိန်ထက် မိနစ်(၃၀) ပိုသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇွန်လ(၃၀)ရက်နေ့အကူး နံနက်(၁)နာရီ (၂၄)မိနစ် (၄၂)စက္ကန့်အချိန်က ရစ်ချ်စတာစကေး(၅.၄)အဆင့်ရှိ ငလျင် လှုပ်ခတ်သွားပြီးနောက် နံနက်(၃)နာရီ (၂)မိနစ် (၀၀)စက္ကန့်အချိန်အထိရစ်ချ်စတာစကေး(၂.၆)ကနေ (၃.၅)အဆင့်ရှိ အသေးစားငလျင်များသည် ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြား (၁၆)ကြိမ် ထပ်မံလှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ် လှုပ်ခတ်သည့် ရစ်ချ်စတာစကေး (၅.၄)အဆင့်ရှိ ငလျင်လှုပ်ခတ်မှုသည် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာလေ၊ တာချီလိတ်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းဆတ် နှင့် မိုင်းတုံအထိပါ အဖျားခတ်လှုပ်ခတ်သည်ဟု ထပ်တိုးသိရသည်။ 

ထိုင်းငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်

ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ဗဟိုပြုပြီးလှုပ်ခတ်သွားသည့် ရစ်ချ်စတာစကေး (၅.၄)အဆင့်ရှိ ငလျင်လှုပ်ခတ်မှုသည် တာချီလိတ်မြို့နှင့်နီးစပ်သည့် မယ်ဆိုင်မြို့ အပြင်၊ မဲချန်း၊ မယ်ဖလုံ၊ မောင်း၊ ချင်းရိုင်းတဝိုက်တွင် မပြင်းထန်သည့် လှုပ်ခတ်မှုကို ခံစားရကြောင်း သတင်းထုတ်ပြန်ထားရှိသည်။ 

#TachileikNewsAgency