ရုရှားက ၎င်းသိမ်းပိုက်ထားသည့် ယူကရိန်းမြို့များတွင် ပတ်စ်ပို့ ထုတ်ပေးနေဟုဆို

ရုရှားက ၎င်းသိမ်းပိုက်ထားသည့် ယူကရိန်းမြို့များတွင် ပတ်စ်ပို့ ထုတ်ပေးနေဟုဆို
By Mr John

ယူကရိန်းတောင်ပိုင်းရှိ Kherson နှင့် Melitopol မြို့ (၂) မြို့တွင် နေထိုင်သူများကို ရုရှားပတ်စ်ပို့များ ထုတ်ပေးနေပြီဖြစ်ကြောင်း ထိုနယ်မြေကို သိမ်းပိုက်ထားသည့် ရုရှားအာဏာပိုင်တွေက ပြောသည်။ 

၎င်း၏ ပိုင်နက်အတွင်း ရုရှားနိုင်ငံသားများ ဖန်တီးနေခြင်းကို အတင်းအကျပ် ရုရှားဖြစ်စေခြင်း "Russification" အဖြစ် ယူကရိန်းက ရှုတ်ချပြောဆိုခဲ့သည်။ 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထိုလုပ်ငန်းစဥ်ကို အရှိန်မြှင့်နေသည်ဟု ဆိုသည်။

ရုရှားသတင်းဌာန TASS ၏ ဖော်ပြမှုအရ ပထမဆုံး Kherson မြို့ခံ (၂၃) ဦးကို ဇွန်လ (၁၁) ရက်နေ့က ရုရှားပတ်စ်ပို့များ အခမ်းအနားဖြင့် ပေးအပ်ခဲ့ကြောာင်း သိရသည်။ 

ရုရှားပတ်စ်ပို့ လျှောက်ထားသူ ထောင်နှင့်ချီရှိနေကြောင်း TASS က ပြောခဲ့သော်လည်း အတည်မပြုနိုင်ဟု BBC သတင်းက ဖော်ပြသည်။ 

ရုရှားက ခန့်အပ်ထားသည့် စစ်တပ်အရာရှိ Kherson မြို့တော်ဝန် Volodymyr Saldo က "ကျွန်တော်တို့ရဲ့ Khersonite ရဲဘော်ရဲဘက်အားလုံးက ဖြစ်နိုင်သမျှ အမြန်ဆုံး ပတ်စ်ပို့ရပြီး နိုင်ငံသားဖြစ်လိုကြတယ်" ဟု ပြောသည်။

ယခုလုပ်ဆောင်မှုမှာ ၎င်း၏ နယ်မြေတည်တံ့ခိုင်မြဲမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုအဖြစ် ယူကရိန်းက ရှုတ်ချလိုက်ပြီး ရုရှားပတ်စ်ပို့ထုတ်ပေးရန် သမ္မတပူတင်၏ အမိန့်ဒီကရီမှာ တရားဝင်ပျက်ပြယ်ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

၂၀၁၄ ခုနှစ်အတွင်း ခရိုင်မီးယားဒေသနှင့် ဒွန်ဘတ်စ်ဒေသ နေရာအများစုကို ရုရှားက သိမ်းပိုက်ခဲ့ပြီးနောက် ယူကရိန်းနယ်မြေများရှိ ဒေသခံများကို ရုရှားပတ်စ်ပို့ထုတ်ပေးသည့် မူဝါဒကို ပူတင်အစိုးရက အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ရုရှားက ခရိုင်မီးယားကို သိမ်းပိုက်ခဲ့ပြီး Donetsk နှင့် Luhansk ဒေသများတွင် ကိုယ်ပိုင်ပုံစံ ပြည်သူ့သမ္မတနိုင်ငံများအဖြစ် ဖန်တီးခဲ့ခြင်းကို နိုင်ငံတကာက ရှုတ်ချခဲ့ကြသည်။ 

ရုရှားတပ်ဖွဲ့များ၏ လက်ရှိ ကျူးကျော်မှုအတွင်း သိမ်းပိုက်ထားခဲ့သည့် နယ်မြေများတွင် အလားတူ လုပ်ငန်းစဥ် လုပ်ဆောင်နေရာ ယူကရိန်းက စိုးရိမ်ပူပန်နေသည်။ 

ဒေသခံများ ရုရှားနိုင်ငံသားဖြစ်သွားချိန်တွင် ရုရှားအစိုးရက ၎င်းတို့ကို ကာကွယ်ရမည်ဟု ပြောဆိုနိုင်မည်ဟု သိရသည်။

Source: BBC