တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ (၂၅) ဦး သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ (၂၅) ဦး သေဆုံး
By Mr John

တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အနည်းဆုံး လူ (၂၅) ဦး သေဆုံးခဲ့ပြီး သန်းနှင့်ချီသည့် ဒေသခံများ အခက်အခဲကြုံနေရကြောင်းနှင့် ယွမ်ငွေဘီလီယံနှင့်ချီ စီးပွာရေးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် တရုတ်တွင် ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဆိုးရွားသော ရေလွှမ်းမိုးမှုများ မြင့်တက်ဖြစ်ပေါ်မှု ပြဿနာကို ကြုံနေရသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြင်းထန်သည့်ရေကြီးမှုနှင့် မြေပြိုမှုများ တရုတ်တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ရာ နေအိမ်များ၊ ကောက်ပဲသီးနှံစိုက်ခင်းများနှင့် လမ်းမများ ပျက်စီးခဲ့သည်။ 

ဟူနန်ပြည်နယ်တွင် ယခုလအတွင်း ရေကြီးမှုများကြောင့် လူ (၁၀) ဦး သေဆုံးခဲ့ပြီး (၃) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသည်။ 

ထိုပြည်နယ်တွင် လူဦးရေ (၁.၇၉) သန်း ရေဘေးသင့်နေပြီး လူဦးရေ (၂၈၆,၀၀၀) ရွှေ့ပြောင်းခဲ့ကြရကြောင်း ဇွန်လ (၈) ရက် သတင်းစာရှင်းလင်းပွဲတွင် အစိုးရတာဝန်ရှိသူတွေက ပြောခဲ့သည်။

တရုတ်နိုင်ငံအတွက် ဆန်စပါးထုတ်လုပ်ရေး အဓိကနေရာဖြစ်သည့် ဟူနန်ပြည်နယ်တွင် မိုးသည်းထန်ပြီး ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် နေအိမ် (၂,၇၀၀) ကျော် ပြိုကျခဲ့ သို့မဟုတ် ထိခိုက်ပျက်စီးခဲ့ပြီး ကောက်ပဲသီးနှံစိုက်ခင်း ဟက်တာ (၉၆,၁၆၀) ပျက်စီးခဲ့သည်။ 

အစိုးရအရာရှိများ၏ အဆိုအရ ရေကြီးမှုကြောင့် စီးပွားရေးအရ တိုက်ရိုက်ဆုံးရှုံးမှု တန်ဖိုးမှာ ခန့်ခန်းခြေအားဖြင့် တရုတ်ယွမ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၆၀၀) ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် လအတွင်းကလည်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသ Fujian ပြည်နယ်တွင် လူ (၈) ဦး၊ အနောက်တောင်ပိုင်း Yunnan ပြည်နယ်တွင် လူ (၅) ဦးနှင့် Guangxi ပြည်နယ်တွင် ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ 

ပြီးခဲ့သည်နွေရာသီက နိုင်ငံအလယ်ပိုင်း Henan ပြည်နယ်တွင် ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့မှုကြောင့် လူ (၃၉၈) ဦး သေဆုံးခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက ဇွန်လတွင် စတင်ပြီဖြစ်သည့် ယခုနှစ် ရေကြီးမှုရာသီအတွက် အထူးသတိပေးထားသည်။

တရုတ်တွင် နွေရာသီ ရေကြီးမှုများ ပုံမှန်ဖြစ်လေ့ရှိပြီး အထူးသဖြင့် လူနေထူထပ်သည့် Yangtze မြစ်နှင့် ၎င်း၏ မြစ်လက်တက်များတစ်လျှောက် စိုက်ပျိုးရေးနယ်မြေများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ 

သို့သော် ရာသီဥတုပြောင်းလဲမှုကြောင့် ပုံမှန်ထက် ထူးကဲပြင်းထန်သော မိုးလေဝသအခြေအနေနှင့်အတူ သေဆုံးမှုပိုများကာ ပို၍မကြာခဏ ဖြစ်လာသော ရေကြီးမှုများကို ကြုံတွေ့ရနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

 

Source: CNN