မူဆယ်မြို့နယ်အတွင်း နမ့်ဖာတန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၂၀)ဦးသေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က (၂)ဦး ကျဆုံး

မူဆယ်မြို့နယ်အတွင်း နမ့်ဖာတန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၂၀)ဦးသေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က (၂)ဦး ကျဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာနှင့် တာလုံရွာကြား နမ့်ဖာတန်းလမ်းခွဲအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား(၂၀)ဦးသေကြောင်း PSDA က  မေလ(၁၂)ရက်နေ့ တွင် သတင်းထုတ်ပြန်လာသည်။

လားရှိုး - မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်၏ ခမရ-၂၄၁ နှင့် ခမရ ၄၂၀ တပ်တို့သည် မေလ(၄)ရက်နေ့က မူဆယ်သို့ အိမ်စီးကား(၄)စီး၊ ဘုန်းကြီးကား(၁)စီးအသုံးပြုကာ ပြန်လာသည် ကို အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း People Security And Defence Army ၏ (၁၁၁)တပ်ရင်းမှ အသက်(၃၃)နှစ်ရှိ တပ်စုမှူးဇော်ကြီး နှင့် (၂၂၂)တပ်ရင်းမှ တပ်ဖွဲ့ဝင် အသက်(၂၁)နှစ်ရှိ မီးတောက်တို့ (၂)ဦးသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ပြည်သူလူထုကိုကာကွယ်ရန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 ရဲဘော်(၂)ဦး ကျဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီမှ (၂၀)ဦးသေကာ (၄)ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSDA