စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး စာရေးတစ်ဦး လွိုင်ကော် PDF နှင့် ဆယ်သွယ်ပြီး အလင်းဝင်

စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး စာရေးတစ်ဦး လွိုင်ကော် PDF နှင့် ဆယ်သွယ်ပြီး အလင်းဝင်
မေ 10, 2022 | ကယား

 အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးစာရေးတစ်ဦး မေလ (၉)ရက်နေ့က အလင်းဝင် ပူးပေါင်းလာခဲ့ကြောင်း လွိုင်ကော် PDF က မေလ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ တပ်ကြပ်ကြီးစာရေးသည် မင်းလှ၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါတွင် ပြည်သူ့ဘက်သို့ ခိုလှုံရန် အာဏာရှင်ကို ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မိမိတို့ လွိုင်ကော် PDF မှ အဆိုပါ CDM တပ်ကြပ်ကြီးအား ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရင်း လွတ်မြောက်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။"ဟု ထုတ်ပြန်ထားသည်။

 လွိုင်ကော် PDF ထံသို့ လက်နက်နှင့်တကွ ဆက်သွယ်ပူးပေါင်း CDM ဝင်မည်ဆိုပါက ဆုငွေ သိန်း (၅၀) တိတိ ချီးမြှင့်ပြီး ဘဝ တစ်လျှောက်လုံး လုံခြုံစွာ ရှင်သန်နေထိုင်နိုင်ရေးကိုပါ ကူညီဆောင်  ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။