ကရင်နီပြည်အတွင်း အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ

{ဒီးမော့ဆို ဒေါစဲကျေးရွာကို အာဿာသိမ်းတပ်က ဧပြီလ ၃ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပုံကို ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။}

By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်အတွင်း ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၁၁) ရက်နေ့ နံနက်အစောပိုင်းကတည်းက အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေကြောင်း Kayan Generation Youth က သတင်းထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်းတပ်က ယခုရက်ပိုင်း စစ်ကြောင်းထိုးနေ၍ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်နေရာ ရပ်ရွာပြည်သူများ၊ စစ်ရှောင်ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာဒေသများဝန်းကျင်ကို သတိထား၍ ရှောင်ရှားကာ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကရင်နီအများသားများကာကွယ်ရေးတပ် (KNDF/B-04)ကလည်း ဧပြီလ (၁၀) ရက်နေ့က အသိပေးထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပါကလည်း လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို လုပ်နေကြောင်း သိရသည်။

အာဏာသိမ်းတပ်က ဖရူဆိုမြို့နယ်တွင်းရှိ ၎င်းတို့၏ တပ် (၃) တပ်ကို ရိက္ခာဖြည့်တင်းရန်ကြိုးစားနေပြီး ဒေသတွင်း KNDF နှင့် KA ပူးပေါင်းအဖွဲ့များက ၎င်းတို့၏ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်နိုင်ခြင်းမရှိပါက  ပြင်းထန်သည့် ထိုးစစ်ဆင်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု KNDF က ခန့်မှန်းထားသည်။

အာဏာသိမ်းစစ်တပ်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှုများကို ရင်ဆိုင်နေရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ရန်ပုံငွေအများအပြားလိုအပ်နေသည့်အပြင် စစ်ဘေးရှောင်များအတွက်လည်း လိုအပ်ချက်များစွာရှိနေကြောင်းသိရသည်။