ရွာငံမြို့နယ်အတွင်း နွားဘန်းကြီးတွင်  ကျပ်(၂)သိန်း ဓါးပြတိုက်ခိုက်မှု တော်လှန်ရေးစစ်သည်တော်များနှင့် မဆိုင်ကြောင်း အသိပေး

ရွာငံမြို့နယ်အတွင်း နွားဘန်းကြီးတွင်  ကျပ်(၂)သိန်း ဓါးပြတိုက်ခိုက်မှု တော်လှန်ရေးစစ်သည်တော်များနှင့် မဆိုင်ကြောင်း အသိပေး

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း နွားဘန်းကြီးကျေးရွာတွင် မေလ(၂)ရက်နေ့က ဖြစ်ပွားခဲ့သည့် ဓါးပြမှုမှာ  တော်လှန်ရေးစစ်သည်တော်များဖြစ်သည့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG)နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များမှ လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း မေလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

နွားဘန်းကြီးကျေးရွာတွင် ၂၀၂၂ခုနှစ် မေလ(၂)ရက်နေ့ ညနေပိုင်းအချိန်က ဦးမြင့်မိုး၏ နေအိမ်ကို အမည်မသိ သေနတ်သမား(၂)ဦးမှ ရောက်ရှိလာပြီး ငွေကျပ်(၂)သိန်း ယူသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG)နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် လုံးဝ သက်ဆိုင်ခြင်းမရှိသလို ၎င်းတို့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်မည့်လုပ်ရပ်များ ဘယ်တော့အခါမှ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။