ဗိုလ်စလုံး၏ DKBA အင်အား(၂၀၀)ကျော် နှင့် KNDO ပေါင်းစည်း

ဗိုလ်စလုံး၏ DKBA အင်အား(၂၀၀)ကျော် နှင့်   ဗိုလ်မှူးချုပ် စောနယ်ဒါးမြ၏ KNDO ပေါင်းစည်း အမှတ်တရပုံ [ Photo: K ]
ဗိုလ်စလုံး၏ DKBA အင်အား(၂၀၀)ကျော် နှင့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ၏ KNDO ပေါင်းစည်း အမှတ်တရပုံ [ Photo: K ]
ဗိုလ်စလုံး၏ DKBA အင်အား(၂၀၀)ကျော် နှင့် KNDO ပေါင်းစည်း
ဧပြီ 27, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ဗိုလ်စလုံး ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်(၂၀၀)ကျော်သည်  ဗိုလ်မှူးချုပ် စောနယ်ဒါးမြ၏ KNDO အဖွဲ့နှင့် ဧပြီလ(၂၆)ရက်နေ့တွင် ပေါင်းစည်းလိုက်ကြောင်း သိရသည်။

ထို့အပြင် ဗိုလ်စလုံးက  ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်  (DKBA)မှ ၎င်း၏ ရာထူးတာဝန်များကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ထံသို့ အပ်နှံကြောင်းနှင့်  ဗိုလ်မှူးချုပ်စောနယ် ဒါးမြအနေဖြင့်လည်း အဆိုပါ တပ်ဖွဲ့ဝင်သစ်များကို KNDO ကွန်မန်ဒို တပ်ရင်းအနေဖြင့် ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင် ပြန်လည်ခုခံတိုက်ခိုက်ရာတွင် ယခင်က DKBA မှ မပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် DKBA စစ်ကြောင်းမှူး ဗိုလ်စလုံးက ၎င်းထံသို့ ခိုလှုံဝင်ရောက်လာသည့် ပြည်မဘက်မှ လူငယ်များ အပါအဝင် နယ်မြေခံ KNDO၊ KNLA တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗိုလ်စလုံး၏ တပ်စခန်း တည်ရှိရာ သောင်ရင်းမြစ်ကမ်းနေရာကို ပြီးခဲ့သည့် ဇန်နဝါ ရီလ ၁၂ရက်နေ့က နယ်ခြားစောင့်တပ်(BGF)နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြေပြင်နှင့် ဝေဟင်ပါ ပူးပေါင်းပြီး အပြင်းအထန် စစ်ကြောင်းထိုး တိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်တချို့ ကျဆုံးသွားခဲ့ရသည်။