အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးခြင်းကို ခံထားရသည့် ထန်တလန်မြို့၏ နောက်ဆုံး မြင်ကွင်းများ

အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးခြင်းကို ခံထားရသည့် ထန်တလန်မြို့၏ နောက်ဆုံး မြင်ကွင်းများ
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 ချင်းပြည်နယ် ထန်တလန်မြို့အား  အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက်မီးရှို့ဖျက်ဆီးလိုက်သည့်အတွက် မြို့ပျက်သဖွယ်ဖြစ်သွားသည့် အခြေအနေများကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့အထိ မြင်တွေ့ရခြင်း ဖြစ်သည်။

ထန်တလန်မြို့ကို အာဏာသိမ်းစစ်အုပ်စုက ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF များက မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း လိမ်လည်ကာ သတင်း ထုတ်ပြန်ခဲ့သော်လည်း CNF နှင့် CNA တို့မှ လက်ရ ဖမ်းဆီးရမိထားသည့် အာဏာသိမ်းစစ်အုပ်စု တပ်သားများ၏ ထွက်ဆိုချက်အရ ထန်တလန်မြို့ကို စတင်မီးရှို့သူမှာ ဗိုလ်ကြီး စောရဲမှူးအောင် နှင့် ဗိုလ်ကြီးဟိန်းမြက်စိုးတို့ ဦးဆောင်ကာ မီးရှို့ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က ထန်တလန်မြို့ရှိ CB ဘဏ် အဆောက်ဦးတွင် ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်သားနှင့်ရဲ (၆)ဦးကို ၎င်းတို့ ကိုင်ဆောင်ထားသည့် လက်နက်များနှင့်အတူ CNF နှင့် CNA တို့မှ လက်ရ ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းရာမှာ ယင်းသို့ ထွက်ဆိုခြင်း ဖြစ်သည်။

 

Photo: Lengkawite