အာဏာသိမ်း အကြမ်းဖက်အဖွဲ့က အဆိုတော်ချမ်းချမ်း၊ မောင်မောင်အေးတို့၏ နေအိမ်များကို ချိတ်ပိတ်

အဆိုတော် ချမ်းချမ်း၏ နေအိမ်ကို ချိတ်ပိတ်စဉ်
အဆိုတော် ချမ်းချမ်း၏ နေအိမ်ကို ချိတ်ပိတ်စဉ်
အာဏာသိမ်း အကြမ်းဖက်အဖွဲ့က အဆိုတော်ချမ်းချမ်း၊ မောင်မောင်အေးတို့၏ နေအိမ်များကို ချိတ်ပိတ်
ဖေဖော်ဝါရီ 19, 2022 | အခြားဒေသများ

အာဏာသိမ်းပြီး တစ်နှစ်ကျော်သည်အထိ လူထုဆန့်ကျင်မှုကို နည်းမျိုးစုံသုံးကာ အကြမ်းဖက်ဖြိုခွင်းနေသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်ကောင်စီက အဆိုတော် ချမ်းချမ်းနှင့် မောင်မောင်အေးတို့၏ နေအိမ်များကို ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ချိတ်ပိတ်ကြောင်း သိရသည်။

ပြည်သူ့ဆန္ဒကိုဆန့်ကျင်၍ အာဏာသိမ်းထားသည့်အဖွဲ့သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းစသိမ်းသည့်နေ့မှစ၍ ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းဖြိုခွင်းနေရာတွင် နေအိမ်နှင့် ပိုင်ဆိုင်မှုများအား မတရားချိတ်ပိတ် သိမ်းဆည်းခြင်းများကိုပါ လုပ်ဆောင်နေခြင်းဖြစ်သည်။

 

အာဏာသိမ်းအဖွဲ့သည် နိုင်ငံ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် စစ်တပ်ကို အသုံးပြု၍ ၎င်းတို့အား ဆန့်ကျင်သူများကို အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ် တိုက်ခိုက်ခြင်းအပြင် မတရားအမှုဖွင့်ခြင်း၊ နေအိမ်များအား ချိတ်ပိတ်ခြင်းများဖြင့် လူထုအား ခြိမ်းခြောက်မှုများပါ လုပ်ဆောင်နေခြင်းဖြစ်သည်။