ရွှေတိဂုံနှင့် မြို့နယ်တချို့တို့တွင် ရေကြီးမှုဖြစ်

ရွှေတိဂုံနှင့် မြို့နယ်တချို့တို့တွင် ရေကြီးမှုဖြစ်
အောက်တိုဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်မြို့တွင် ယနေ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြို့နယ်တချို့နှင့် ရွှေတိဂုံစ တီတော် တောင်ဘက်မုဒ်စောင်းတန်းနှင့် အရှေ့ဘက်မုဒ်တို့တွင် ရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း‌ကြောင့် ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ဥက္ကလာပ၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်းနှင့် မြောက်ဒဂုံ အစရှိသည့်မြို့နယ်များတွင် လမ်းမပေါ် ရေကြီး‌ရေလျှံမှုများဖြစ်‌ပေါ်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းမှာ ဟမွန်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့နှင့် စစ်တကောင်းမြို့တို့ကြားမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

#TachileikNewsAgency