ဖရူဆိုမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခံရ၍ ဒဏ်ရာရထားသည့် အာဏာသိမ်းတပ် တပ်ရင်းမှူး လွိုင်ကော် စစ်ဆေးရုံသို့ ရောက်နေ

ပုံအညွှန်း - တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ ကျည်များ [Photo-KNDF]]
ပုံအညွှန်း - တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ ကျည်များ [Photo-KNDF]]
ဖရူဆိုမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခံရ၍ ဒဏ်ရာရထားသည့် အာဏာသိမ်းတပ် တပ်ရင်းမှူး လွိုင်ကော် စစ်ဆေးရုံသို့ ရောက်နေ
ဧပြီ 17, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့က ထားလဲနှင့် နန်းဖဲကျေးရွာကြားကို စစ်ကြောင်းထိုးစဉ်က ကရင်နီပူးပေါင်းတပ်များ၏ မိုင်းဆွဲတိုက်ခိုက်မှုကိုခံရသည့် အာဏာသိမ်းတပ်၏  တပ်မ (၆၆) ၊ခမရ (၁၀၈)တပ်ရင်း၊ တပ်ရင်းမှူး ဝင်းထိုက်စိုးမှာ ဒဏ်ရာပြင်းထန်စွာဖြင့် လွိုင်ကော်စစ်ဆေးရုံရောက်နေသည်ဟု Karenni Nationalities Defense Force-KNDF က ဧပြီလ(၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း  အာဏာသိမ်းတပ်မှ (၄) ဦး သေဆုံးခဲ့ကာ (၃) ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း နှင့်  အာဏာသိမ်းတပ်မှ ကျည်အချို့ကိုလည်း ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းရမိကြောင်း သိရသည်။

 

 

Photo: KNDF