လွိုင်ကော်မြို့တွင် ဆိုင်ကယ်တစ်စီးတည်း အမျိုးသား(၂)ဦး စီးပါက အမေးအမြန်းမရှိ ပစ်ခတ်မည်ဟု လူမိုက်ဆန်ဆန် အမိန့်ထုတ်

လွိုင်ကော်မြို့တွင် ဆိုင်ကယ်တစ်စီးတည်း အမျိုးသား(၂)ဦး စီးပါက အမေးအမြန်းမရှိ ပစ်ခတ်မည်ဟု လူမိုက်ဆန်ဆန် အမိန့်ထုတ်
နိုဝင်ဘာ 17, 2021 | ကယား

ဖောက်ခွဲမှုလုပ်ငန်းများတွင် ဆိုင်ကယ်တစ်စီးတွင် အမျိုးသား(၂)ဦးစီးပြီး လုပ်ဆောင်လေ့ရှိသည်ဟုဆိုကာ ကယား(ကရင်နီ)ပြည်နယ်။ လွိုင်ကော်မြို့တွင် အမျိုးသား(၂)ဦး ဆိုင်ကယ်တစ်စီးတည်းတွင် မစီးရန် အခြားမြို့နယ်တူ ကန့်သတ်အမိန့်ကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံများက လူမိုက်ဆန်ဆန် ထုတ်လိုက်ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့အထိ ပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး နောက်ရက်များတွင် အမေးအမြန်းမရှိ ပစ်ခတ်ဆောင်ရွက်မည်ဟု အသိပေးထားသည်။