တာချီလိတ်တွင် နွေရာသီကာလအတွင်း ရေလိုအပ်သည့် ရပ်ကွက်နှင့် ကျေးရွာများအနေဖြင့် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံနိုင်

တာချီလိတ်တွင် နွေရာသီကာလအတွင်း ရေလိုအပ်သည့် ရပ်ကွက်နှင့် ကျေးရွာများအနေဖြင့် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံနိုင်
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
တာချီလိတ်တွင် နွေရာသီကာလအတွင်း ရေလိုအပ်သည့် ရပ်ကွက်နှင့် ကျေးရွာများအနေဖြင့် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မိုးခေါင်မှုကြောင့် ရေတွင်း၊ ရေကန် ခမ်းခြောက်မှုများ ကြုံတွေ့နေသည့် ကျေးရွာများ ရေလိုအပ်ပါက တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနသို့ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

နွေရာသီရောက်လာတာဖြစ်တဲ့အတွက် အခက်အခဲဖြစ်တဲ့ရွာတွေအနေနဲ့ ကျွန်တော်တို့ မီးသတ်ဦးစီးဌာနကို လာပြီးဆက်သွယ်ပါ။ ကျွန်တော်တို့ မီးသတ်ဦးစီးဌာနအနေနဲ့ လှူဒါန်းဖို့အသင့်ရှိပြီးသားပါ။ အထက်ဌာနတွေကလည်း ညွှန်ကြားထားပြီးသားပါ။ ရေလှူဒါန်းမှုနဲ့ ပတ်သက်ပြီးတော့ ကုန်ကျဆီတွေရော၊ ကုန်ကျစရိတ်တွေ ဘာမှပေးစရာမလိုပါဘူး။ ကျွန်တော်တို့ကို ဘာမှပြန်ပေးစရာမလိုပါဘူး။ ယာယီရေကန်လေးတွေ လုပ်ထားရင်လည်း ပိုကောင်းပါတယ်

ဟု တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း ရေပြတ်လပ်နေသည့် ကျေးရွာများအနေဖြင့် လူဦးရေမည်မျှရှိပြီး သောက်သုံးရေ လိုအပ်နေကြောင်းကို တင်ပြအကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ရေလိုအပ်သည့်ကျေးရွာများအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြအကူအညီတောင်းခံနိုင်သကဲ့သို့ မီးသတ်ဦးစီးဌာနသို့ တယ်လီဖုန်းနံပါတ်များဖြစ်သည့် ဖုန်း ၁၉၁၊ ဖုန်း ၀၈၄ ၅၁၇၇၀ တို့ကို တိုက်ရိုက်ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~