ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း USDP က (၁၇)ဦး၊ NLD က (၁၁)ဦး နှင့် WNP က (၁)ဦး အနိုင်ရ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း USDP က (၁၇)ဦး၊ NLD က (၁၁)ဦး နှင့် WNP က (၁)ဦး အနိုင်ရ
နိုဝင်ဘာ 11, 2020
By Tachileik News Agency
  

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း   USDP,NLD က (၁၁)ဦး နှင့် WNP က (၁)ဦး အနိုင်ရ

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်းရှိ  မြို့နယ်ပေါင်း (၉)မြို့နယ်တွင် တစ်သီးပုဂ္ဂလ အပါအဝင် ပါတီပေါင်း (၁၀)ပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြရာ USDP က (၁၇)ဦး၊ NLD က (၁၁)ဦး၊ WNP မှ (၁)ဦး တို့ အနိုင်ရရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ USDP မှ အနိုင်ရရှိသည့် (၁၇)ဦးတွင် အမျိုးသားလွှတ်တော် (၁)ဦး၊ ပြည်သူ့လွှတ်တော်(၆)ဦး၊ ပြည်နယ်လွှတ်တော်(၁၀)ဦး ပါဝင်သည်။

NLD မှ အနိုင်ရရှိသည့် (၁၁)ဦးတွင် အမျိုးသားလွှတ်တော်(၁)ဦး၊ ပြည်သူ့လွှတ်တော် (၃)ဦး၊ ပြည်နယ်လွှတ်တော် ( ၇ )ဦး ပါဝင်သည်။

'ဝ'အမျိုးသားပါတီ(WNP)က မိုင်းတုံမြို့နယ် မဲဆန္ဒနယ်(၂)တွင် (၁)ဦးအနိုင်ရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ 'ဝ'အမျိုးသားပါတီ(WNP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ADP) နှင့် တစ်သီးပုဂ္ဂလများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~