ကျုံအိတ်တံတား မိုင်းကွဲမှုကို သွားကြည့်သည့် ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ

ကျုံအိတ်တံတား မိုင်းကွဲမှုကို သွားကြည့်သည့် ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ

မွန်ပြည်နယ် သထုံမြိုနယ်နှင့် ဘီးလင်းမြိုနယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းကွဲမှုကို သွားရောက်ကြည့်ရှု့သည့် ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။

"(၆)ဦးလောက် ထိခိုက်သေဆုံးတယ်လို့တော့ သိရပါတယ်။ အတိတကျတော့ မသိရသေးဘူး။ "ဟု ဘီးလင်း ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ယနေ့ ဇွန်လ (၂၉)ရက်နေ့ နံနက်ပိုင်းက ကျုံအိတ်တံတား(ရွှေရောင်ပြတံတား)သည် မိုင်းခွဲခံခဲ့ရပြီး တံတားတစ်ခြမ်း ကျိုးကျကာ ပျက်စီးသွားမှုကို ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့အပါအဝင် ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ သွားရောက် ကြည့်ရှုစဥ် ဒရုန်းဖြင့်တိုက်ခိုက် ခံရခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူထဲတွင် ရဲတပ်သားများပါဝင်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များထဲကလည်း သေဆုံးသူရှိကြောင်း သိရသည်။

လက်ရှိတွင် တံတား တစ်ခြမ်းကိုသာ မော်တော်ယာဥ်များ သွားလာနိုင်သဖြင့် မော်တော်ယာဥ်များ ပိတ်ဆို့နေပြီး လက်ရှိတွင် စစ်ကောင်စီတပ်များက တံတားအနီးတွင် လုံခြုံရေး တင်းကြပ်ထားသည်ဟုလည်း သိရသည်။

#TachileikNewsAgency