မြို့လှ PDF ၏ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ရိက္ခာတင်လာသည့် စစ်သင်္ဘော(၂)စီး ရေထဲ နစ်မြုပ်သွား

မြို့လှ PDF ၏ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ရိက္ခာတင်လာသည့် စစ်သင်္ဘော(၂)စီး ရေထဲ နစ်မြုပ်သွား

 ကချင်ပြည်နယ်၊ မြို့လှမြို့နယ်အတွင်း မြို့လှရွာဖက်သို့ ဆန်တက်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘော(၂)စီးကို ယနေ့ဧပြီလ(၇) ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ရာ နှစ်မြုပ်သွားကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်လာသည်။

ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDF တပ်က H-22 mm လက်လုပ်ရှေ့ထွက်မိုင်း (၅)လုံး၊ ရေမြုပ်မိုင်း (၁)လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီ ရိက္ခာတင်စက်လှေ (၂)စီး နေရာမှာပင် လုံးဝနစ်မြုပ်သွားခဲ့ကာ စက်လှေပေါ်ပါ စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။

မြို့လှ PDF တပ်မှ (၁၀)မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပြီး စစ်‌ကောင်စီဘက်မှ လက်နက်ကြီးများ၊ ငကြင်းမြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း   အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။