ပြင်ဦးလွင် စစ်တက္ကသိုလ် စာပေ(၂) ဂိတ်ကို တော်လှန်ရေးအဖွဲ့က လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ

ပြင်ဦးလွင် စစ်တက္ကသိုလ် စာပေ(၂) ဂိတ်ကို တော်လှန်ရေးအဖွဲ့က လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ

အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက်သမားများမွေးထုတ်ရာ ပြင်ဦးလွင်စစ်တက္ကသိုလ်၏ စာပေ(၂)ရှိ ဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ယနေ့ ဧပြီလ(၁)ရက်နေ့ ည(၇)နာရီခွဲက ဖောက်ခွဲခဲ့ကြောင်း ပြင်ဦးလွင် PDF က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို ပြင်ဦးလွင် PDF နှင့် MMUGR တို့မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုကို မသိရသေး ဟု ထုတ်ပြန်သည်။

အသေးစိတ်သတင်းအချက်အလက်ကို တာချီလိတ်သတင်းအေဂျင်စီအနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။