ဒီးမော့ဆိုမြို့နယ်အတွင်း အိုးခူးရီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ စနိုက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် (၂)ရက်အတွင်း (၁၀)ဦး သေဆုံးသွား

Photo: အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့
Photo: အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့
ဒီးမော့ဆိုမြို့နယ်အတွင်း အိုးခူးရီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ စနိုက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် (၂)ရက်အတွင်း (၁၀)ဦး သေဆုံးသွား
မတ် 18, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အိုးခူးရီးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ကို စနိုက်ပါအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ (၂)ရက်အတွင်း စစ်ကောင်စီတပ်သား  (၁၀)ဦး သေဆုံးကြောင်း သိရသည်။

မတ်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းအတွင်း စနိုက်ပါအဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သား (၄)ဦး သေဆုံးခဲ့ရသည့်အတွက် ထုံးစံအတိုင်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်သော်လည်း စနိုက်ပါအဖွဲ့က ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု သိရသည်။

မတ်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းကလည်း အိုးခူးရီးရွာမှာပင် ပူးပေါင်း စနိုက်ပါအဖွဲ့၏ လက်ချက်ဖြင့် စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးသွားပြီး သေဆုံးသည့် အလောင်းများကို ရဟတ်ယာဉ်ဖြင့် လာရောက် သယ်ဆောင်သွားကြကြောင်းလည်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားရှိသည်။



၂၀၂၂ခုနှစ် မတ်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းက အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး စနိုက်ပါ အဖွဲ့ ၊ လွိုင်ကော် PDF စနိုက်ပါအဖွဲ့ ၊ ဒီးမော့ဆို PDF စနိုက်ပါအဖွဲ့တို့ ပူးပေါင်း ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သလို မတ်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းကလည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး စနိုက်ပါ အဖွဲ့ နှင့်  လွိုင်ကော် PDF စနိုက်ပါအဖွဲ့ တို့ ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။