ကယားပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနေလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲအပြစ်တင်ခြင်းအား အဆုံးအဖြတ်ရယူမည်

ကယားပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနေလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲအပြစ်တင်ခြင်းအား အဆုံးအဖြတ်ရယူမည်
စက်တင်ဘာ 1, 2020
By Tachileik News Agency
ကယားပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနေလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲအပြစ်တင်ခြင်းအား အဆုံးအဖြတ်ရယူမည်
ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းဝေးအား ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့  တွင် စတင်ကျင်းပလျှက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွတ်စွဲအပြစ်တင်ခြင်းအား လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို ရယူသွားရန် ရှိကြောင်းသိရသည်။ 
ယနေ့ ကျင်းပနေသည့် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တတ်ရောက်ခွင့်ရှိသော လွှတ်တော်ကိုယ်စာလှယ်များ အားလုံးတတ်ရောက်ခဲ့ကြပြီး လွှတ်တော်အစည်းဝေးကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးတင်ပြထားသည့် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွတ်စွဲအပြစ်တင်ခြင်းနှင့် ပက်သက်၍ လွှတ်တော်တွင် အဆုံးအဖြတ်ရယူမည့် အစီအစဉ်  ပါဝင်နေသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) ၊ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်များကို  ဖောက်ဖျက်ကျူးလွန်သဖြင့်  ပြည်နယ်လွှတ်တော်ဥက္ကဌ မှ အရေးယူဆောင်ရွက်ပေးရန်ဟု ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက လက်မှတ်ရေးထိုး တင်ပြထားခြင်း ဖြစ်သည်။
 
 Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~