ဒီးမော့ဆို တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ကို ခုခံကာကွယ်ရင်း လွိုင်ကော် PDF ရဲဘော်တစ်ဦး ကျဆုံး

Photo: PDF Loikaw
Photo: PDF Loikaw
ဒီးမော့ဆို တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ကို ခုခံကာကွယ်ရင်း လွိုင်ကော် PDF ရဲဘော်တစ်ဦး ကျဆုံး
မတ် 14, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်၊ ထီထရိကျေးရွာတစ်ဝိုက်၌ ယနေ့ မတ်လ(၁၄)ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ကို ခုခံကာကွယ်ရင်း ကျဆုံးခဲ့ရသည့် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်မောင်မျိုးအောင်၏ ဈာပနကို ညနေတွင် ပြုလုပ်ကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ်ကို ခုခံကာကွယ်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော် မောင်မျိုးအောင်သည်   အသက်(၁၈)သာ ရှိသေးကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၊ ကယန်းသာယာဘက်မှ ထီတရိကျေးရွာဝန်းကျင်သို့ ယနေ့ မတ်လ (၁၄)ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ် ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွင်း ရဲဘော် မောင်မျိုးအောင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို လွိုင်ကော် PDF နှင့် KNDF မှ ပြောက်ကျားနည်းဖြင့် ခုခံတိုက်ခိုက်နေရဆဲဖြစ်ကြောင်း သိရသည်။