ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ယူကရိန်းမှ မိဘမဲ့ ကလေးတစ်သိန်းဝန်းကျင်အတွက် အခက်အခဲ ဖြစ်ပေါ်

ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ယူကရိန်းမှ မိဘမဲ့ ကလေးတစ်သိန်းဝန်းကျင်အတွက် အခက်အခဲ ဖြစ်ပေါ်

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအတွင်း တော်တော်များများတွင် ဗုံးကြဲတိုက်ခိုက်မှုများကို ယနေ့အထိ ဆက်လက် လုပ်ဆောင်နေသည့်အတွက် ယူကရိန်းနိုင်ငံမှ မိဘမဲ့ ကလေးတစ်သိန်းဝန်းကျင်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် မဖြစ်မနေ လိုအပ်နေကြောင်း သိရသည်။

ရုရှားသမ္မတ ပူတင်၏ စစ်တပ်သည်  မိဘမဲ့ကလေးများရှိသည့် နေရာများသို့ ဗုံးကြဲတိုက်ခိုက်မှုများပါ ပြုလုပ်နေသည့်အတွက် မိဘမဲ့ ကလေးများကို မြေအောက်ခန်းများတွင် ပုန်းအောင်းစေပြီး နေရာလွတ်များမရှိတော့သည့်အတွက် ကုတင်တစ်လုံးတည်းတွင် ကလေးငယ်(၅)ယောက် (၆)ယောက်အထိ စုပြုံထားရှိရပြီး ကလေးများ၏ ကြောက်ရွံ့မှုများ ပပျောက်ရန်အတွက်လည်း ကြိုးစားလုပ်ဆောင်နေရသည်ဟု သိရသည်။

ရုရှား၏ ကျူးကျော်စစ်အတွင်း မိဘမဲ့ကလေးများစွာထဲက (၂,၅၀၀)ဝန်းကျင်ကိုသာ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ပြီး မိဘမဲ့ ကလေးများထဲတွင် မသန်းစွမ်းကလေးငယ်မှာ (၅,၀၀၀)ဝန်းကျင်အထိ ရှိသည်ဟု သိရသည်။

လတ်တလောတွင် ကလေးငယ် (၁)သိန်းဝန်းကျင်အတွက် အစာနှင့်ရေများမှာ မလောက်မငှ ဖြစ်နေရသည့်အတွက် မုန့်များသာ ချွေတာကျွေးထားရသည်ဟု ဆိုသည်။

Source: Mirror, Daily Mail, Bistec Global