ရန်ကုန် - မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီ ယာဉ်တန်းကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ

ရန်ကုန် - မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီ ယာဉ်တန်းကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ

 ရန်ကုန် - မန္တလေး(အမြန်လမ်း)တွင် မောင်းနှင်လာသည့် အကြမ်းဖက်စစ်‌ကောင်စီယာဉ်တန်းကို ယနေ့ မတ်လ(၁၄)ရက်နေ့ နေ့လည်(၁)  နာရီခွဲဝန်းကျင်က အမြန်လမ်းမိုင်တိုင်(၃၃၆)မိုင်၊ (၁)ဖာလုံအရောက်တွင် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ မိုင်းဆွဲ တိုက်တိုက်ခဲ့ကြောင်း သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား သေဆုံး၊ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။

မတ်လ(၉)ရက်ကလည်း ကျောက်ဆည်သို့ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ အရာရှိယာဉ်တန်းအား လမ်းရှင်းပေးနေသည့် ရဲနှင့် ယာဉ်ထိန်းရဲများကို K.D.D.F က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။

မတ်လ(၃)ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသည့် ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးကို K.D.D.F မှလက်ပစ်ဗုံး(၂)လုံးဖြင့် တိုက်တိုက်ခဲ့ကြောင်း သိရသည်။