ဖယ်ခုံမြို့နယ်အတွင်း လွယ်ယင်း နှင့် ဆင်တောင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများက ပြည်သူ(၃)ဦးကို သတ်ကာ နေအိမ်အတွင်း မီးရှို့သွား

Photo: KNDF - Pekhon Zone
Photo: KNDF - Pekhon Zone
ဖယ်ခုံမြို့နယ်အတွင်း လွယ်ယင်း နှင့် ဆင်တောင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများက ပြည်သူ(၃)ဦးကို သတ်ကာ နေအိမ်အတွင်း မီးရှို့သွား
မတ် 4, 2022 | ရှမ်းတောင်

ကရင်နီ(ကယား)ပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်ဖြစ်သည့်  ဖယ်ခုံမြို့၊ လွယ်ယင်းရွာများနှင့် ဆင်တောင်ရွာတွင် အာဏာသိမ်း စစ်ကောင်စီတပ်များသည် မတ်လ(၂)ရက်နေ့က ပြည်သူ(၃)ဦးကို ပစ်သတ်ကာ နေအိမ်ထဲထည့်၍ မီးတင်ရှို့ကာ တခါတည်း နေအိမ်ကို မီးရှို့ဖျက်ဆီးသွားကြောင်း  ဖယ်ခုံ KNDF က ယနေ့ မတ်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အသတ်ခံရသည့် ပြည်သူ (၃)ဦးမှာ ပြာပုံနှင့် အရိုးများသာ ကျန်ရှိခဲ့ပြီး ရွာအတွင်းရှိ ပြည်သူအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်စီးခဲ့‌ကြောင်း သိရသည်။

ဒါ့အပြင်  ပြည်သူပိုင်အိမ်များကို မွှေနှောက်ကာ တန်ဖိုးရှိ ပစ္စည်းများယူသွားခြင်း၊ မီးဖိုတွင် တွေ့ရာ ချက်ပြုတ် စားသောက်ကြခြင်း၊ ပြည်သူ့ ပိုင်ဆိုင်မှုများကို ရိုက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသေးသည်။



 

ပြည်သူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်သားများ   ခြေကုပ်ယူရာ နေရာပတ်ဝန်းကျင်သို့ သွားလာခြင်း မပြုလုပ်ကြပါရန်နှင့် KSCC မှ ထုတ်ပြန်ထားသော ရိက္ခာစုဆောင်းစီမံရေးနှင့် လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ရေး အချက်လက်များကို လိုက်နာပြင်ဆင်ပေးကြရန် ဖယ်ခုံ KNDF က အသိပေးထားသည်။