"မအေလိုး မင်းအောင်လှိုင် We Will Come Back "စာတန်း လာဖြုတ်သည့် အာဏာသိမ်းစစ်တပ်မှ တပ်သားများ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရ

"မအေလိုး မင်းအောင်လှိုင် We Will Come Back "စာတန်း လာဖြုတ်သည့် အာဏာသိမ်းစစ်တပ်မှ တပ်သားများ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရ
ဇန်နဝါရီ 14, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်က "မအေလိုး မင်းအောင်လှိုင် we will come back" စာတန်းလာဖြုတ်သည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများ ဗုံးပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရသွားကြကြောင်း  TGI Support Revolution ၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကြီးမြို့ မြကန်သာအဝိုင်းအနီးတွင် "မအေလိုး မင်းအောင်လှိုင် we will come back" စာတန်းချိတ်ဆွဲထားသည်ကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားများက လာဖြုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

အများပြည်သူအနေဖြင့် မိမိတို့အနီးဝန်းကျင်တွင် ထူးခြားမှုတစ်ခုခုကို တွေ့ရပါက သွားရောက်စူးစမ်းခြင်းမပြုကြရန်နှင့် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံဌာနများနှင့် ဝေးဝေးနေကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။