မိုင်းလွန်ပင်မ စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် နေပြည်တော် PDF ရဲဘော် ၄ ဦး၏ ဈာပနပြုလုပ် 

မိုင်းလွန်ပင်မ စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် နေပြည်တော် PDF ရဲဘော် ၄ ဦး၏ ဈာပနပြုလုပ် 
ဖေဖော်ဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဗျူဟာလက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ကျဆုံးခဲ့သည့် နေပြည်တော်စစ်တိုင်းဌာန၊ ဗျူဟာအမှတ်(၂)မှ ရဲဘော်(၄)ဦး၏ ဈာပနအခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျဆုံးသွားသည့် ရဲဘော်(၄)ဦးမှာ ရဲဘော်အုပ်စိုး၊ ရဲဘော်မိုက်ကယ်၊ ရဲဘော်ဝိပေါက်နှင့် ရဲဘော်အငယ်ကောင်တို့ဖြစ်ကြောင်း နေပြည်တော်တပ်ရင်း အမှတ်(၈၀၅)က ယနေ့ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

မိုင်းလွန်ပင်မစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ်(၂)တို့သည် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၃)ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် မီးရှို့ဖျက်ဆီးထားသော စစ်ကောင်စီတပ်သားအလောင်း (၇)လောင်းနှင့် လက်နက်ကြီးကျည်များ၊ ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တပ်ရင်း 805 - Nay Pyi Taw PDF