ယာဥ်မောင်းများ အရှိန်လျှော့ချစေရန် လမ်းဆုံနေရာတွင် အဖြူရောင်မျဥ်းများ ရှုပ်ယှက်ခတ်စွာ ရေးဆွဲထား

ယာဥ်မောင်းများ အရှိန်လျှော့ချစေရန် လမ်းဆုံနေရာတွင် အဖြူရောင်မျဥ်းများ ရှုပ်ယှက်ခတ်စွာ ရေးဆွဲထား
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ပြင်သစ်နိုင်ငံ အနောက်ပိုင်းရှိ မြို့ငယ်လေးတစ်ခု၏ ယာဥ်အသွားအလာ များပြားရှုပ်ထွေးသော လမ်းဆုံတစ်နေရာ၌ ယာဥ်မောင်းများ အရှိန်လျှော့ချစေရန် အဖြူရောင် လမ်းအမှတ်အသားမျဥ်းများကို ရှုပ်ယှက်ခတ်စွာ အထပ်ထပ် ရေးဆွဲထားရာ အွန်လိုင်းတွင် လူပြောများသည့် အကြောင်းအရာ ဖြစ်ခဲ့သည်။ 

Angers မြို့အနီးရှိ Bauné မြို့လေးတွင် လူဦးရေ (၁,၇၀၀) သာ နေထိုင်ကြသော်လည်း D74 နှင့် D82 အဝေးပြေးလမ်းမကြီး (၂) ခုကြား လမ်းဆုံနေရာ၌ တည်ရှိနေရာ နေ့စဥ် ယာဥ်အသွားအလာ များပြားရှုပ်ထွေးလေ့ရှိသည်။



ထိုမြို့လေးတွင် ယာဥ်အမြန်နှုန်းကို တစ်နာရီလျှင် (၁၈.၆) မိုင် (၃၀ ကီလိုမီတာ) ဖြင့်သာ မောင်းနှင်ရန် ကန့်သတ်ထားသော ဆိုင်းဘုတ်များ ရှင်းလင်းစွာ ဖော်ပြထားသော်လည်း နေ့စဥ် ဖြတ်သန်းသွားနေကြသည့် ယာဥ်အစီးရေ (၂,၃၀၀) အနက် အချို့က တစ်နာရီလျှင် မိုင် (၆၀) (၁၀၀ ကီလိုမီတာ) ဖြင့် မောင်းနှင်နေကြကြောင်း သိရသည်။

ထိုအခြေအနေကို ဖြေရှင်းရန် ဒေသဆိုင်ရာ အာဏာပိုင်များက ယာဥ်အသွားအလာ များပြားရှုပ်ထွေးသော လမ်းဆုံနေရာ၌ ရှုပ်ထွေးသည့် လမ်းအမှတ်အသားများ ရေးဆွဲထားရန် စိတ်ကူးရခဲ့ကြပြီး ထိုစိတ်ကူးမှာ အလုပ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ 

Bauné မြို့လေး၏ ယာဥ်အသွားအလာ များပြားရှုပ်ထွေးသော လမ်းဆုံတစ်နေရာရှိ  ထူးထူးဆန်းဆန်း လမ်းအမှတ်အသား ဓာတ်ပုံများ ပြင်သစ်ဆိုရှယ်မီဒီယာတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပျံ့နှံ့ခဲ့သည်။

 

Source: EuroNews

Photo: Bastien Bgt