ကယန်းနှစ်ကူးပွဲတော် လွိုင်ကော်မြို့နယ်အတွင်း ဝါရီကောခူးကျေးရွာတွင် ကျင်းပ

ကယန်းနှစ်ကူးပွဲတော် လွိုင်ကော်မြို့နယ်အတွင်း ဝါရီကောခူးကျေးရွာတွင် ကျင်းပ
နိုဝင်ဘာ 27, 2019
By Tachileik News Agency
ကယန်းနှစ်ကူးပွဲတော် လွိုင်ကော်မြို့နယ်အတွင်း ဝါရီကောခူးကျေးရွာတွင် ကျင်းပ

ကယန်းသက္ကရာဇ် (၂၇၅၉)ခုနှစ်၏ ကယန်းနှစ်သစ်ကူးနေ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူ ကျေးရွာ၌ ကျင်းပသည်။

ကယန်းတိုင်းရင်းသားများကြား ပိုမိုစည်းလုံး ညီညွှတ်မှုရှိစေရန် ၊ ငြိမ်းချမ်းသာယာသော လူမှုအသိုင်းအဝန်းတွင် နေထိုင်နိုင်ရန် အခြားညီနောင်တိုင်းရင်းသားများနှင့် အတူကြိုးပမ်းသွားကြရန်ကို ပွဲတော်သဘာပတိ ခွန်းရှမူအေးလာက တိုက်တွန်းသွားသည်။

ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကျင်းပသည့် ကယန်းနှစ်သစ်ကူးပွဲတော်အား လွိုင်ကော်မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်ပြီး ကယားပြည်နယ်၊  ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေများရှိ ကယန်းလူမျိူးများနေထိုင်ရာ ဒေသများတွင်လည်း ကျင်းပနေကြခြင်းဖြစ်သည်။

ဝိရီကောခူကျေးရွာ၌ ကျင်းပသည့် ကယန်းနှစ်သစ်ကူးပွဲတော်သို့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊  အခြားတိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~