ယောနယ်အတွင်း အာဏာသိမ်းစစ်တပ်မှ ကုန်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ပြင်နေ၍ ပြည်သူများ အထူးသတိထားနေရန် ဒေသကာကွယ်ရေးအဖွဲ့များ ကြိုတင်အသိပေး

ယောနယ်အတွင်း အာဏာသိမ်းစစ်တပ်မှ ကုန်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ပြင်နေ၍ ပြည်သူများ အထူးသတိထားနေရန် ဒေသကာကွယ်ရေးအဖွဲ့များ ကြိုတင်အသိပေး
ဇန်နဝါရီ 2, 2022 | အခြားဒေသများ

 အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ ဇန်နဝါရီလ(၂)ရက် ညနေပိုင်းက ဂန့်ဂေါမြို့နယ် တောင်ပိုင်း မြစ်သာဆည်ပေါ်သို့ ရဟတ်ယာဥ်(၄) စင်းဆင်းသက် အင်အားဖြည့်တင်းခဲ့သဖြင့်အနီးရှိဒေသများသတိပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲက အသိပေးထားသည်။

အထူးသဖြင့် ယောနယ်ဖြစ်သည့် ဂန့်ဂေါ ၊ ကျော၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ချင်းပြည်နယ်၊ ပုလဲနယ်နှင့် ကလေးနယ်များကို အထူးသတိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ဒါ့အပြင် မြစ်သာဆည် ပတ်ဝန်းကျင်က ကျေးရွာများဖြစ်သည့် စံပယ်၊ စင်ပုံ၊ ပနန်း၊ ယင်းမာနှင့် ပြင်သာကျေးရွာများအနေဖြင့် လုံခြုံရေး အထူးသတိပြု ဂရုစိုက်ရန်လည်း သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကုန်းကြောင်း၊ လေကြောင်း တပြိုင်တည်း ထိုးစစ်စမည့် အ‌ခြေအနေရှိနေပြီး လက်ရှိတွင် ထီးလင်းမြို့ လေယာဥ်ကွင်းဟောင်းအတွင်းရှိ ဆိုင်ခန်းအချို့ကိုရွှေ့ပြောင်းခိုင်းနေကြောင်း သိရသည်။