စစ်ကောင်စီတပ်နှင့်ရဲ လုံခြုံရေးယူထားသည်ဟုဆိုသည့် နောင်ချိုမြို့ ဘူတာရပ်ကွက်ရှိ လိုင်းခန်း ပစ်ခတ်ခံရ

Photo: CJ
Photo: CJ
စစ်ကောင်စီတပ်နှင့်ရဲ လုံခြုံရေးယူထားသည်ဟုဆိုသည့် နောင်ချိုမြို့ ဘူတာရပ်ကွက်ရှိ လိုင်းခန်း ပစ်ခတ်ခံရ
ဖေဖော်ဝါရီ 23, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ ဘူတာရပ်ကွက်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ရဲ လုံခြုံရေးယူထားသည်ဟုဆိုသည့် ဝန်ထမ်းလိုင်းခန်းနှင့်  ဘူတာရုံ၀န်ထမ်းလိုင်းခန်းကို ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူး နံနက်(၂)နာရီဝန်းကျင်က လာ‌ရောက်ပစ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို မသိရသေးသော်လည်း ပစ်ခတ်ခံရခြင်းကြောင့် ဘူတာလိုင်းခန်း ထိခိုက်ပျက်စီးမှုအချို့ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့ကြောင်း သိရသည်။

အဖွဲ့တစ်ဖွဲ့က ကား/ဆိုင်ကယ်တို့ဖြင့် ရောက်ရှိလာပြီး အင်အား (၃၀)ဝန်းကျင်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။