မြောင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ သူလျှို (၁)ဦးကို ဖမ်းမိကြောင်း CDSOM ထုတ်ပြန်

မြောင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ သူလျှို (၁)ဦးကို ဖမ်းမိကြောင်း CDSOM ထုတ်ပြန်
ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီ တပ်သားတစ်ဦး အရပ်သားအယောင်ဆောင်၍ သူလျှိုလာလုပ်သည်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိထားကြောင်း ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသူမှာ အာဏာသိမ်းစစ်ကောင်စီတပ်သား စိန်လင်းထိုက်ဆိုသူဖြစ်ကြောင်းကို အချက်အလက်များနှင့်အတူ စိစစ်တွေ့ရှိထားသည်ဟု သိရသည်။

မြောင်မြို့နယ်အတွင်းသို့ အရပ်သားအယောင်ဆောင်၍ ဝင်ရောက်လာသော စစ်ကောင်စီတပ်မှ သူလျှို (၁၁)ဦး ရောက်ရှိနေကြောင်း သတင်းအရ စုံစမ်းရှာဖွေရာမှ  သူလျှိုဟု ယူဆရသူ (၃)ဦး ဖမ်းမိသည့်အနက် စိန်လင်းထိုက်ဆိုသူကို သူလျှိုဖြစ်ကြောင်း အထောက်အထားများဖြင့် စိစစ်တွေ့ရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။