စစ်ကောင်စီတပ်၏ ထောက်ပို့ရဟတ်မှ လာရောက်ချပေးသွားသည့် စစ်လက်နက်သုံးပစ္စည်းများကို PDF က သိမ်းပိုက်ရရှိ

Photo: PDF Pekhon
Photo: PDF Pekhon
စစ်ကောင်စီတပ်၏ ထောက်ပို့ရဟတ်မှ လာရောက်ချပေးသွားသည့် စစ်လက်နက်သုံးပစ္စည်းများကို PDF က သိမ်းပိုက်ရရှိ
ဖေဖော်ဝါရီ 20, 2022 | ရှမ်းတောင်

 အာဏာသိမ်းစစ်ကောင်စီတပ်က ထောက်ပို့ရဟတ်ယာဉ်ဖြင့် လာရောက်ချပေးသွားသည့် စစ်လက်နက်ပစ္စည်းများကို ဖယ်ခုံပြည်သူ့ကာကွယ်‌ရေးတပ် က သိမ်းပိုက်ရရှိလိုက်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG)က ယနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်၏ ထောက်ပို့ရဟတ်ယာဉ်က ယနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့နယ်အတွင်း ဝီသဲခူးကျေးရွာအနီးတွင် လာရောက်ချပေးခဲ့ရမှ  ပေးရာမှ PDF အဖွဲ့က လက်ဦးမှုရရှိပြီး သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းပိုက်ရရှိလိုက်သည့် ပစ္စည်းများ၌ ဂျပ်ဖာ(၄)ဖာဖြင့် ထည့်ထားသည့်  စစ်လက်နက်ခဲယမ်းများတွင် 79 ဗုံးသီး (၉၆)လုံး ပါဝင်ကြောင်း သိရသည်။

ယနေ့ဖြစ်ပွားသော တိုက်ပွဲအတွင်း PDF ၏ စနိုက်ပါပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား (၈)ဦး သေကြောင်း သိရသည်။