ပြည်သူ့စစ်အဖွဲ့များအားလုံး လက်မောင်းတံဆိပ်သစ် ပြောင်းလဲတပ်ဆင်ရန် ညွှန်ကြားထား

ပြည်သူ့စစ်အဖွဲ့များအားလုံး လက်မောင်းတံဆိပ်သစ် ပြောင်းလဲတပ်ဆင်ရန် ညွှန်ကြားထား
ဇူလိုင် 19, 2020
By Tachileik News Agency
ပြည်သူ့စစ်အဖွဲ့များအားလုံး လက်မောင်းတံဆိပ်သစ် ပြောင်းလဲတပ်ဆင်ရန် ညွှန်ကြားထား

ပြည်သူ့စစ်  ယူနီဖောင်းဝတ်စုံများ၏ လက်မောင်းတံဆိပ်များကို မြန်မာနိုင်ငံအလံပါသည့် တံဆိပ် နှင့် ပသစ စာလုံးပါသည့် တံဆိပ်များဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူစစ်များအားလုံး ယူနီဖောင်း တံဆိပ်များပြောင်းလဲ ဝတ်ဆင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ကက(နယ်)ကနေ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးပြောင်းလိုက်တာ ပုံစံကတော့ ဘာမှတော့ မထူးပါဘူး။  မြန်မာနိုင်ငံအလံနဲ့ ပြည်သူ့စစ်ဆိုတဲ့ ပသစ စာလုံးကြီးတပ်တယ်။ ဘယ်ဖက်မှာ ပသစ ပါမယ်။ ညာဖက်မှာ ကြယ်ဖြူနဲ့မြန်မာနိုင်ငံ အလံရယ် ပြီးရင် အဖွဲ့နာမည်ပါမယ်

ဟု တပ်မတော်အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့များမှာ တံဆိပ်သစ်များ ပြောင်းလဲတပ်ဆင်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ကိုတော့  တံဆိပ်တွေ ပြောင်းလဲ တပ်ဆင်ဖို့ ပြောထားတာရှိတယ်၊ အခုတော့ စက်ချုပ်ဆိုင်မှာ အပ်ထားပြီ၊ လောလောဆယ်တော့ အရင်လို ကြယ်ဖြူပါတဲ့ အောက်ခံအနီရောင်နဲ့ တြိဂံပါတဲ့ တံဆိပ်သုံးနေတယ်၊ အသစ်ရရင် ပြောင်းမှာပေါ့

ဟု တာချီလိတ်မြို့နယ်အတွင်းမှ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်မတော်၏ လက်အောက်တွင် ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ်အဖွဲ့များသည် လစာခံစားခွင့်မရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ (၃၅)ဖွဲ့ရှိကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~