လွိုင်ကော်မြို့မှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် KDF နှင့် KSP ထံ လာရောက် ပူးပေါင်း 

Photo: KDF
Photo: KDF
လွိုင်ကော်မြို့မှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် KDF နှင့် KSP ထံ လာရောက် ပူးပေါင်း 
ဖေဖော်ဝါရီ 18, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ရဲဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦးသည် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)နှင့် ကရင်နီပြည်ရဲဌာန(KSP)တို့ထံ ပူးပေါင်းလာကြောင်း KDF က ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)နှင့် ကရင်နီပြည်ရဲဌာန(KSP)တို့ထံ ပူးပေါင်းလာသည့် ရဲတပ်သား စိုးဟိန်းသူ သည်  G-3 အမျိုးအစားသေနတ်တစ်လက်၊ 7.62 ကျည် ၁၀၄ တောင့်၊ ကျည်ဘောက်နှစ်ဘောက် ယူဆောင်လာပြီး အပ်နှံကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းများ၊ စစ်သားများ အနေဖြင့် ပြည်သူ့ဘက်သို့ ရဲရဲဝံ့ဝံ့ရပ်တည်ကာ လက်နက်အပြည့်အစုံဖြင့် CDM တွင် ပါဝင်လာကြရန် KDF က တိုက်တွန်းထားရှိသည်။