နေပြည်တော်လေတပ်မှ တိုက်ခိုက်ရေးလေယာဉ်ဖြင့် တိုက်ပွဲဝင်ခဲ့သည့် ဗိုလ်ကြီးတစ်ဦး ဒီးမော့ဆို PDF နှင့်ချိတ်ဆက်၍ CDM ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO- PDF) တပ်ရင်း-၁  နှင့် ချိတ်ဆက် CDM ပြုလုပ်စဉ် [ Photo DMO- PDF ]

ဖေဖော်ဝါရီ 16, 2022 | ကယား

နေပြည်တော်လေတပ်စခန်းမှ လေတပ်ဗိုလ်ကြီး တစ်ဦးသည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူနှင့်ရပ်တည်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အာဏာသိမ်း စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေသည့် လေတပ်အရာရှိ စီနီယာဗိုလ်ကြီးတစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO- PDF) တပ်ရင်း - ၁ နှင့် ချိတ်ဆက်ပြီး ယနေ့ ဖေ‌ဖော်ဝါရီ (၁၆) ရက်နေ့တွင် ပြည်သူ့ဘက်လာ ရပ်တည်လာခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းသည် တိုက်ခိုက်ရေးလေယာဉ်ကို မောင်းနှင်တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ်က လေတပ်မှ အရာခံဗိုလ်နှစ်ဦး CDM လုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ယနေ့တွင်လည်း အရပ်သားနေရာပါမရှောင် ဗုံးကြဲသည့် အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စီး စစ်ကိုင်းတိုင်း၌ ပျက်ကျကာ လေယာဉ်မောင်းလည်း သေ‌ဆုံးသွားသည်။