စစ်အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲတွင် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်လျှက်ရှိကြောင်း KNPP ဥက္ကဌ ဆို

ပုံအညွှန်း - ရင်နီအမျိုးသားတိုးတတ်ရေးပါတီ(KNPP) ဥက္ကဌ  အေဘယ်တွိဒ်
ပုံအညွှန်း - ရင်နီအမျိုးသားတိုးတတ်ရေးပါတီ(KNPP) ဥက္ကဌ အေဘယ်တွိဒ်
စစ်အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲတွင် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်လျှက်ရှိကြောင်း KNPP ဥက္ကဌ ဆို
ဇွန် 21, 2021 | ကယား

စစ်အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲတွင် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်ကြောင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၁)ရက်နေ့တွင် ကျရောက်သည့် (၁၄၆) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အတွက် KNPP ဥက္ကဌ မှပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဇွန်လ (၂၁)ရက်နေ့တွင် ကျရောက်သည့် (၁၄၆) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အတွက် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ ဥက္ကဌ မှ သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲတွင် လူထုနှင့် တစ်သားတည်း ရပ်တည်နေမည် ဖြစ်ကြောင်း ကို အသိပေးဖော်ပြထားသည်။ 

ကျနော်တို့ ကရင်နီအမျိုးသားထု တစ်ရပ်လုံး စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ အမျိုးသားများဘဝ တည်ငြိမ်အေးချမ်းရေးအတွက် အမျိုးသားတိုင်းမှာ တာဝန်ရှိနေကြတယ်ဆိုတာ မမေ့မလျော့ကြဖို့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေ ဖြင့်လည်း ပြည်သူနဲ့တစ်သားတည်း ရပ်တည်လျက်ရှိနေပါကြောင်း ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၁) ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့မှာ အထူးမှာကြားရင်း ပြည်သူ လူထုတစ်ရပ်လုံး အေးချမ်းသာယာတဲ့ လူမှုဘဝကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

ဟု KNPP ဥက္ကဌ အေဘယ်တွိဒ် မှ သဝဏ်လွှာတွင် ပြောကြားထားသည်။ 

ယခုအချိန်ကာလမှာ ကရင်နီအမျိုးသားထုတစ်ရပ်လုံးမှာ  စစ်အာဏာရှင်၏ မတရားဖိနှိပ်၊ အနိုင်ကျင့် သတ်ဖြတ်မှုကို ခံစားနေရကာ ဘိုးဘွားပိုင်မြေ၊ အိမ်ယာတွေကို စွန့်ခွာ၍ တောထဲ တောင်ထဲတွင် စားနပ်ရိက္ခာ ၊ ဆေးဝါးမပြည့်စုံဘဲ အမိုးအကာမရှိသည့် နေရာများတွင် စစ်ရှောင်များ အဖြစ်နေထိုင်နေရပြီး ကရင်နီအမျိုးသားများအားလုံးအနေဖြင့် ရောက်ရှိသည့် နေရာတိုင်းမှ  အမျိုးသားရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းတတ်နိုင်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်သွားကြဖို့ ဥက္ကဌမှ တိုက်တွန်းထားသည်။ 

ကရင်နီအမျိုးသားများ အနေဖြင့် အမျိုးသားရေး စိတ်ဓါတ်​ဖြင့် စည်းလုံးညီညွတ်ဖို့ အထူးလိုအပ်နေသည့် အချိန်ဖြစ်ပြီး အမျိုးသားရေး ဘုံအကျိုးစီးပွားကို ဦးထိပ်ထား၍ စစ်အာဏာရှင်ကို တပြိုင်နက်တည်းတွန်းလှန်ကာ တည်ငြိမ်အေးချမ်းသည့် လူ့ဘောင်သစ် တစ်ရပ်ကို ပြန်လည်တည်ဆောက်နိုင်ဖို့ ယခု အချိန်ကာလတွင် မှန်ကန်သည့်  ဆုံးဖြတ်ချက်များနှင့်  ကရင်နီအမျိုးသားများအကြား တူညီသည့် ဘုံသဘောထားများရရှိဖို့လိုအပ်နေကြောင်း ပြောကြားထားသည်။ 

ကျနော်တို့အားလုံးရဲ့ ရင်ထဲမှာ ကရင်နီအမျိုးသား ဆိုတဲ့ စိတ်ဓါတ်တွေရှင်သန်နေသရွေ့ ဘယ်လို ဘုံရန်သူကိုမဆို တွန်းလှန် အောင်ပွဲခံနိုင်မယ်ဆိုတာ လေးလေးနက်နက်ယုံကြည်ထားကြဖို့ လိုအပ်ပါတယ်။ ကရင်နီအမျိုးသားများ အားလုံးဟာလည်း ရောက်ရှိတဲ့နေရာမှာ အမျိုးသားရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းတတ်နိုင်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်သွားကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။

ဟု ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ ဥက္ကဌ အေဘယ်တွိဒ် မှ တိုက်တွန်းထားသည်။

ကရင်နီအမျိုးသားနေ့အား နှစ်စဥ် ကရင်နီ(ကယား)ပြည်နယ်တွင်းမှာ ကျင်းပလေ့ရှိသော်လည်း စစ်အာဏာသိမ်းမှုကြောင့် ယခုနှစ်တွင်ကျရောက်သည့် (၁၄၆) နှစ်မြောက် ကရင်နီအမျိုးသား နေ့အား ပြည်တွင်းမှာ ကျင်းပနိုင်ခြင်းမရှိဘဲ ယနေ့ ဇွန်လ ၂၁ နေ့တွင်  (KNPP) စစ်ဌာနချုပ်ဖြစ်သော ညာမို (ခေါ် ) တာလဲဒူဆို တွင် အကျဥ်းချုံကျင်းပပြုလုပ်ခဲ့သည်။