ဒေသတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်သူတစ်ဦး ပင်းတယ - ရွာငံလမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရ

သတ်ခံရသူ၏ ပုံ
သတ်ခံရသူ၏ ပုံ
ဒေသတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်သူတစ်ဦး ပင်းတယ - ရွာငံလမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရ
ဖေဖော်ဝါရီ 11, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးရေးအတွက် သတင်းပေးသူဟု နာမည်ကြီးနေသည့် အမျိုးသားတစ်ဦး ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် ပင်းတယ - ရွာငံဖြတ်လမ်း၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် ဦးဖေဝင်းသည် မိုင်းအင်ကျေးရွာမှ ပြည်သူများကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးမှုတွင် လမ်းပြလုပ်ပေးသူဖြစ်ပြီး ပင်းတယနှင့် ဗထူးတပ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်အတွက် ရိက္ခာပို့ပေးနေသူဖြစ်သည်ဟု ဒေသမီဒီယာတစ်ခုဖြစ်သည့် Voice of Pandaya က ဖေါ်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။