ခမရ(၄၂၂)တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

ခမရ(၄၂၂)တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
နိုဝင်ဘာ 8, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် ဖယ်ခုံအခြေစိုက် ခမရ (၄၂၂)တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့က လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။

ကယား(ကရင်နီ)မှ စစ်ကောင်စီတပ်ရင်းများ ရှမ်းမြောက်စစ်မျက်နှာသို့ ပို့ဆောင်စဉ် လမ်းကင်းလုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားသည် ဖယ်ခုံ PDF B-1006 ဗိုလ်တထောင်တပ်ခွဲထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားကို ဗိုလ်တထောင်တပ်ခွဲက ဆုငွေပေးအပ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း စစ်ကောင်စီ တပ်သား(၃)ဦး PEKHON PDF-2 (B-1006)ထံ လက်နက်ခဲယမ်းအပြည့်စုံဖြင့် အလင်းဝင်လာခဲ့သည်ဟု သိရသည်။

#TachileikNewsAgency