ပြည်နယ်တွင်း  လက်နက်ကိုင် အချင်းချင်း၏ တိုက်ပွဲများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းများဖြင့် ကြိုးပမ်းဖြေရှင်းသွားမည်ဟု RCSS ဆို

ပြည်နယ်တွင်း  လက်နက်ကိုင် အချင်းချင်း၏ တိုက်ပွဲများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းများဖြင့် ကြိုးပမ်းဖြေရှင်းသွားမည်ဟု RCSS ဆို
ဖေဖော်ဝါရီ 7, 2022 | နိုင်ငံရေး| ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်း ညီနောင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းများဖြင့် ကြိုးပမ်းဖြေရှင်းသွားမည်ဖြစ်ကြောင်း စိန်ရတု ရှမ်းပြည်အမျိုးသားနေ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထုတ်ပြန်လာသည်။

RCSS အနေဖြင့် ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒုက္ခရောက်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေးအတွက် တတ်အားသရွှေ့ ကူညီပံ့ပိုးပေးနေပြီး ဆက်လက်ကူညီပံ့ပိုးပေးနိုင်ရေးလည်း နည်းလမ်းရှာ ကြိုးပမ်းသွားမည်ဟုလည်း ထုတ်ပြန်ထားရှိသည်။

 ရှမ်းပြည်တိုင်းရင်းသားများ လက်ခံသော ဖယ်ဒရယ်မူနှင့်အညီ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို တဆင့်ပြီး တဆင့်ရေးဆွဲနိုင်ရန် RCSS က ကမကထပြုကာ ပထမအဆင့်အနေဖြင့် ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်၍  ဖြစ်မြောက်တွေ့ဆုံရေး ဆွေးနွေးပွဲများကို အဆင့်ဆင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

#TachileikNewsAgency