ကသာမြို့နယ်အတွင်း နန့်စန်းရွာ အောက်ဘက်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်ဘက်က အထိနာ

ကသာမြို့နယ်အတွင်း နန့်စန်းရွာ အောက်ဘက်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်ဘက်က အထိနာ
ဖေဖော်ဝါရီ 6, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာအုပ်စု၊ နန့်စန်းရွာ အောက်ဘက်အနီးတွင် ယ‌နေ့ ဖေဖော်ဝါရီလ(၆)ရက်နေ့ နေ့လည်ပိုင်းက အကြမ်း ဖက်စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ တပ်ရင်း(၄၁၅)နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း ကသာ PDF ထံမှ သိရသည်။

ယနေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီဝန်းကျင်အထိ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာအုပ်စု၊ နမ့်စမ်းကျေးရွာ အောက်ဖက်အနီးတွင် တပ်မ(၈၈)လက်အောက်ခံ တပ်ရင်း (၄၁၅)နှင့်  ကသာ PDF ၊ မြို့လှ PDF၊ ကသာ (ပ.က.ဖ)တို့  တိုက်ပွဲဖြစ်ရာ စစ်‌ကောင်စီတပ်သားအများအပြားသေသည့်အတွက် ၎င်းတို့ဘက်မှ လက်နက်ကြီးအလုံး (၅၀)ကျော် ပစ်ခတ်ခဲ့ ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ ဗိုလ်သာလိကာ ဦးဆောင်သော တပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်အား အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား ဒဏ်ရာရရှိသူနှင့် သေဆုံးသူ များပြားကြောင်း သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ တပ်ဆုပ်စဥ် ရဲဘော်(၂)ဦး ခြေထောက်နှင့် တင်ပါးဒဏ်ရာရရှိချိန် ကသာထောက်ပို့အဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။