မန္တလေးခရိုင် တရားရုံးအတွင်း ပေါက်ကွဲမှုဖြစ်

မန္တလေးခရိုင် တရားရုံးအတွင်း ပေါက်ကွဲမှုဖြစ်
ဒီဇင်ဘာ 27, 2021 | အခြားဒေသများ

မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ် ၆၅ လမ်း၊ ၃၃ လမ်းနှင့် ၃၄လမ်းကြားရှိ မန္တလေးခရိုင်တရားရုံးတွင် ယနေ့ ၂၀၂၁ ခုနှစ် နံနက်(၁၀)နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် တရားရုံးအပေါ်ထပ်မှ မှန်များကွဲကာ လမ်းပေါ်အထိ မှန်ကွဲစများ လွင့်လာကြောင်းသိရသည်။

အပေါ်ထပ်ကကွဲတယ် ထင်တယ်။ အသံကတော်တော်ပျင်းတာ။အိမ်တွေပါတုန်တယ်

ဟုတရားရုံးအနီးနေထိုင်သူတစ်ဦးက Tachileik News Agency သို့ပြောသည်။ 

ရုံးဖွင့်ရက်ဖြစ်သောကြောင့် တရားရုံးတွင် ရှေ့နေများရှိနေပြီး ထိခိုက်ဒဏ်ရာရမှုရှိ၊ မရှိကို မသိရသေးပါ။

ပေါက်ကွဲမှုဖြစ်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်၏ ကားတချို့က လမ်းတစ်ဖက်ပိတ်ကာ လာရောက်စစ်ဆေးနေသည်ကို တွေ့ရသည်။

မန္တလေးမြို့တွင် အာဏာသိမ်းအဖွဲ့နှင့် ဆက်စပ်သည့်နေရာများကို  လုံခြုံရေးတင်းကြပ်စွာကျထားသည့်ကြားထဲမှ တိုက်ခိုက်ခံနေရမှုများ ရှိနေဆဲဖြစ်သည်။