အကြပ်အတည်းအားလုံးရဲ့ တရားခံဟာ မင်းအောင်လှိုင်ဘဲ စာသားကိုင်ကာ မုံရွာတွင် ဆန္ဒပြ

အကြပ်အတည်းအားလုံးရဲ့ တရားခံဟာ မင်းအောင်လှိုင်ဘဲ စာသားကိုင်ကာ မုံရွာတွင် ဆန္ဒပြ
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် “အကြပ်အတည်းအားလုံးရဲ့ တရားခံဟာ မင်းအောင်လှိုင်ဘဲ”စာသားကိုင်ဆောင်ကာ မုံရွာတော်လှန်လူငယ်များကွန်ယက်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုင်ငံတွင် ဖြစ်ပျက်နေသည့် မလုံခြုံမှု၊ လွတ်လပ်မှုပျောက်ဆုံးမှု၊ ကုန်စျေးနှုန်းကြီးမြှင့်နေမှု စသည့် လူမှုစီးပွားအကြပ်အတည်းများ၏ လက်သည်တရားခံမှာ အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ် ထူထောင်လိုနေသည့် မင်းအောင်လှိုင်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ 

အထွေထွေအကြပ်အတည်းများ၊ လူမှုစီးပွား မွန်းကြပ်နေမှုများမှ ရုန်းထွက်နိုင်ရန် တော်လှန်ရေးကို ယုံကြည်စွာ ပါဝင်ဆင်နွှဲကြရန်လိုသည်ဟုလည်း မုံရွာတော်လှန်လူငယ်များကွန်ယက်က တိုက်တွန်းထားသည်။

#TachileikNewsAgency