ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်အောက်ခံ ဆင်ပွတ်ကြီးရွာသွေးသောက်အဖွဲ့ ဒုခေါင်းဆောင် (၂)ဦးကို မဟာမိတ်အဖွဲ့က ရှင်းလင်း

ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်အောက်ခံ ဆင်ပွတ်ကြီးရွာသွေးသောက်အဖွဲ့ ဒုခေါင်းဆောင် (၂)ဦးကို မဟာမိတ်အဖွဲ့က ရှင်းလင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် စစ်ကောင်စီတပ်၏ လက်အောက်ခံ ဆင်ပွတ်ကြီးရွာသွေးသောက်အဖွဲ့၏ ဒုခေါင်းဆောင်(၂)ဦးကို ရှင်းလင်းခဲ့ကြောင်း မန္တလေးမဟာမိတ်တပ်ပေါင်းစုများက သတင်းထုတ်ပြန်ထားသည်။

ဆင်ပွတ်ကြီးရွာမှာ ဖြိုးကျော်နဲ့ မုန့်နီ ဆိုသူနှစ်ဦးကို မန္တလေး လမ်း(၃၀) မြို့ပတ်လမ်းမှာ ယနေ့ မေလ(၁၀)ရက်နေ့တွင်  ရှင်းလင်းခဲ့ကြောင်းသိရသည်။

ဆင်ပွတ်ကြီးသွေးသောက်အဖွဲ့သည် NLD အမတ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်အုပ်စုက ချထားပေးသည့် လက်နက်များကို ကိုင်ဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟုဆိုပြီးလက်နက်ကိုင်ရမ်းကားနေသည့် အဖွဲ့ဖြစ်ကြောင်း တပ်ပေါင်းစုကဆိုသည်။

မန္တလေးမြို့တွင် သွေးသောက်အဖွဲ့က သတ်ဖြတ်သည်ဟုဆိုကာ  သတ်ဖြတ်အလောင်းစွန့်ပစ်ခံထားရသူ (၃)ဦးရှိသည်။

ယနေ့နံနက်တွင်လည်း တံတားဦးလေဆိပ်တွင် သွေးသောက်အဖွဲ့လည်ဆွဲဖြင့် သတ်ဖြတ်ခံထားရသူ ပြည်သူ(၂)ဦး၏ ရုပ်အလောင်း စွန့်ပစ်ခံထားရကြောင်းလည်း သိရသည်။