ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပင်းတယ တပေါင်းပွဲတော် မကျင်းပတော့

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပင်းတယ တပေါင်းပွဲတော် မကျင်းပတော့
မတ် 3, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပင်းတယ တပေါင်းပွဲတော်  မကျင်းပတော့

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယတွင် မတ်လအတွင်း နှစ်စဉ်ကျင်းပသည့် ရွှေဥမင်ဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို COVID 19 ရောဂါကာကွယ်ရေးအတွက် လူစုလူဝေး ရှောင်ရှားနိုင်ရန် ၂၀၂၀ ခုနှစ်အတွက် ကျင်းပတော့မည်မဟုတ်ကြောင်း သိရသည်။

ပွဲတော်မကျင်းပတော့သဖြင့် ပွဲတော်ဆိုင်ခန်း လျှောက်ထားဝယ်ယူထားပြီးသူများ မတ်လ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီထိအချိန်အတွင်း တပေါင်းပွဲကွင်း မဟာမုနိဓမ္မာရုံ၌ ငွေပြန်လည်ထုတ်ယူနိုင်ကြမည်ဖြစ်ပြီး ပွဲဆိုင်ခန်းများကို မတ်လ (၇)ရက်နေ့ အပြီးဖျက်သိမ်းကြရမည်ဖြစ်ကြောင်း ကျင်းပထားသည်။

ရွှေဥမင်ဘုရားဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၄)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပရန်ဖြစ်သော်လည်း COVID 19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပွဲတော်များ ရက်ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတ်လ (၃)ရက်နေ့က ညွှန်ကြားထားမှုကြောင့် ပွဲတော်ဖျက်သိမ်းရန် ပွဲတော်ကျင်းပရေးဦးစီးကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတော်မကျင်းပတော့သဖြင့် ဖွင့်ပွဲအခမ်းအနား၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဆွမ်းကျက်လောင်းလှူပွဲ၊ ဆွမ်းတော်ကြီးဝင်ပွဲ၊ ဓနုဆုံဆည်းရာနေ့အခမ်းအနားများကိုပါ ကျင်းပတော့မည်မဟုတ်ကြောင်း ကြေငြာထားသည်ကို တွေ့ရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~