ကလောမြို့ကနေ စစ်ကောင်စီတပ်၏ တင့်ကားများ အပါအဝင် စစ်ကားအစီး(၈၀)ကျော် ကရင်နီပြည်နယ်သို့ ဦးတည်လာနေ

ကလောမြို့ကနေ စစ်ကောင်စီတပ်၏ တင့်ကားများ အပါအဝင် စစ်ကားအစီး(၈၀)ကျော် ကရင်နီပြည်နယ်သို့ ဦးတည်လာနေ
ဇန်နဝါရီ 30, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်ဘက်ကို အင်အားဖြည့်ရန် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင်  တင့်ကားအပါအဝင် စစ်ကားအစီးရေ(၈၀)ကျော်ဖြင့် ဦးတည်လာနေကြောင်း သိရသည်။

ယင်းစစ်ယာဉ်တန်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောဘက်မှ လာနေခြင်းဖြစ်ပြီး တင့်ကား(၅)စီးဝန်းကျင်အပါအဝင် ရိက္ခာနှင့် အင်အားအပြည့်ပါသော စစ်သုံးကားအစီးရေ(၈၀)ကျော် ပါလာသည်ဟု သိရ သည်။ 

ယမန်နေ့က ကရင်နီပြည်နယ်တွင်း တိုက်ပွဲ၌ အာဏာသိမ်းစစ်ကောင်စီတပ်၏ သံချပ်ကာနှင့် တင့်ကားများပါသည့် ယာဉ်တန်းမှ  စစ်ကား (၃)စီး ပျက်စီးသွားပြီး (၂) ဦးသေဆုံးခဲ့ပြီးနောက် ယနေ့တွင် အင်အားထပ်မံဖြည့်တင်းနေခြင်းဖြစ်သည်။

ယင်းအပြင် ယမန်နေ့က ကရင်နီ(ကယား)နှင့်နယ်စပ် ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြိုနယ်အတွင်း  ရွှေပြည်အေးနှင့် ကုန်းဆုံတိုက်ပွဲအနီးတွင် ဗန်းမောက်ကျေးရွာဖက်မှ စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်တပ်နှင့် KNDF၊ PDF(ဖယ်ခုံ)တို တိုက်ပွဲဖြစ်ရာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၁၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့က အထိနာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် တိုက်လေယာဥ်နှစ်စီးဖြင့်လာ ရောက်တိုက်ခိုက်ခြင်း၊ (၁၂၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။