MNDAA နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ် က လက်နက်ကြီးကို အဓိက အားကိုးအားထားပြုကာ ပစ်ခတ်

Photo: MNDAA
Photo: MNDAA
MNDAA နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ် က လက်နက်ကြီးကို အဓိက အားကိုးအားထားပြုကာ ပစ်ခတ်
ဇန်နဝါရီ 28, 2022 | ရှမ်းမြောက်

MNDAA နှင့် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ စစ်တပ် က လက်နက်ကြီးကို အဓိက အားကိုးအားထားပြုကာ ပစ်ခတ်

* ** *  *

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ စစ်တပ်က မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၏ နယ်မြေသို့ ကျူးကျော်လာကာ စစ်ကြောင်းထိုးပြီး တိုက်ပွဲများဖြစ်ပွားနေရာ စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးများကို အဓိက အားထားပြီး ပစ်ခတ်ကြောင်း သိရသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ် နှင့် MNDAA အကြား ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့က အထူးဒေသ(၁) မူပန်ခရိုင်နှင့် မုံးကိုးခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က   မုံးကိုးခရိုင်ရှိ MNDAA ၏ မန်ရန်တပ်စခန်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ 

ဇန်နဝါရီ (၂၇)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီ တပ်သည် အထူးဒေသ(၁) မုံးကိုးခရိုင်၊ လော်ကြာကျိုက် အနောက်ဘက် တောင်ကုန်းရှိ MNDAA ၏ တပ်စခန်းနှင့် မိနစ် (၄၀)ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ညနေပိုင်းတွင် မူပန်ခရိုင်၊ ရှောက်ရှန်ထွန်ဒေသမှ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး‌ နောက် MNDAA ၏ Sniper တပ်ဖွဲ့သည် မန်းတုံဒေသ၏ အရှေ့ဘက်တွင် အခြေချနေသော စစ်ကောင်စီကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇန်နဝါရီ (၂၇)ရက်၏ တစ်ရက်အတွင်း MNDAA ၏ မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်ကုန်းကို လက်နက်ကြီးကျည် စုစုပေါင်း (၆၀)ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။