ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးျပားမ်ား သယ္လာသည့္ အမ်ိဳးသား ႏွစ္ဦးကို ဖမ္းမိ

ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးျပားမ်ား သယ္လာသည့္ အမ်ိဳးသား ႏွစ္ဦးကို ဖမ္းမိ
ဇွန် 11, 2019
By Tachileik News Agency

ဘိန္းျဖဴ (၂၀)ဂရမ္ႏွင့္၊ စိတ္ၾကြရူးသြပ္ေဆးျပား (၃၉၄)ျပား သယ္ေဆာင္လာသည့္ အမ်ိဳးသားႏွစ္ဦးကို ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၀)ရက္ေန႔ ည (၈)နာရီခြဲအခ်ိန္က ဖမ္းမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ား ပါဝင္သည့္ပူးေပါင္းအဖြဲ႕က အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ သတင္းအရ ေစာင့္ဆုိင္းဖမ္းဆီးရာက သီေပါဘက္မွ ေနာင္ခ်ိဳဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ရဲေက်ာ္လင္း(ခ)ဖိုးသားႏွင့္ ၿဖိဳးေဝ (ခ) ေအာင္ၿဖိဳးေဝတို႔ သယ္ေဆာင္လာသည့္ ဘိန္းျဖဴ (၁၀)ဂရမ္ပါအထုပ္ (၂)ထုပ္ႏွင့္ စိတ္ၾကြေဆးျပား (၁၉၇)ျပားစီပါဝင္သည့္အထုပ္ (၂)ထုပ္တုိ႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ရဲေက်ာ္လင္း(ခ)ဖိုးသားႏွင့္ ၿဖိဳးေဝ (ခ) ေအာင္ၿဖိဳးေဝတို႔အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၃၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က) ၂၀ အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဘိန်းဖြူ (၂၀)ဂရမ်နှင့်၊ စိတ်ကြွရူးသွပ်ဆေးပြား (၃၉၄)ပြား သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့ ည (၈)နာရီခွဲအချိန်က ဖမ်းမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့်ပူးပေါင်းအဖွဲ့က အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာက သီပေါဘက်မှ နောင်ချိုဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ရဲကျော်လင်း(ခ)ဖိုးသားနှင့် ဖြိုးဝေ (ခ) အောင်ဖြိုးဝေတို့ သယ်ဆောင်လာသည့် ဘိန်းဖြူ (၁၀)ဂရမ်ပါအထုပ် (၂)ထုပ်နှင့် စိတ်ကြွဆေးပြား (၁၉၇)ပြားစီပါဝင်သည့်အထုပ် (၂)ထုပ်တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ရဲကျော်လင်း(ခ)ဖိုးသားနှင့် ဖြိုးဝေ (ခ) အောင်ဖြိုးဝေတို့အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၃၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) ၂၀ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net