မိုင်းဆတ်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ဆိုင်မပိတ်ရန် အာဏာသိမ်းအဖွဲ့၏ ဌာနများက ဆိုင်ရှင်များကို အတင်းအကြပ် လက်မှတ်ထိုးခိုင်းနေ

အာဏာသိမ်းတစ်နှစ်ပြည့်နေ့တွင် ဆိုင်ပိတ်ပါက အရေးယူခံရမည့်အကြောင်း ဆိုင်ရှင်များအား လက်မှတ်ထိုးခိုင်းနေစဉ်
အာဏာသိမ်းတစ်နှစ်ပြည့်နေ့တွင် ဆိုင်ပိတ်ပါက အရေးယူခံရမည့်အကြောင်း ဆိုင်ရှင်များအား လက်မှတ်ထိုးခိုင်းနေစဉ်
မိုင်းဆတ်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ဆိုင်မပိတ်ရန် အာဏာသိမ်းအဖွဲ့၏ ဌာနများက ဆိုင်ရှင်များကို အတင်းအကြပ် လက်မှတ်ထိုးခိုင်းနေ
ဇန်နဝါရီ 27, 2022 | ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ ဈေးဆိုင်များ လာမည့် အာဏာသိမ်းတစ်နှစ်ပြည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဆိုင်ပိတ်ပါက အရေးယူမည်ဟု ခြိမ်းခြောက်သည့်စာများကို အာဏာသိမ်းအဖွဲ့၏ လက်အောက်ဌာနများက အတင်းအကြပ် လိုက်လံလက်မှတ်ထိုးခိုင်းနေကြောင်း သိရသည်။

စည်ပင်၊ မီးသတ်နဲ့ ရပ်ကျေးတွေက လိုက်ပြီး လက်မှတ်ထိုးခိုင်းနေကြတာတွေ့တယ်

ဟု မိုင်းဆတ်ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဈေးသည်နှင့် ဆိုင်ခန်းများအားလုံး ဖေဖော်ဝါရီလ(၁)ရက်နေ့ အသံတိတ်သပိတ်တွင် ပါဝင်လုပ်ဆောင်ပြီး ဆိုင်ပိတ်ပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အပါအဝင် နိုင်ရေးအမှုများဖြင့်ပါ အရေးယူနိုင်ရေးအတွက် Facebook နှင့် မြေပြင်အခြေအနေများကို စောင့်ကြည့်ပြီး နေ့စဉ် မှတ်တမ်းထားရှိရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြည်နယ်အတွင်းရှိ စည်ပင်ဌာနမှ အမှုဆောင်အရာရှိများကို ဇန်နဝါရီလ(၂၅)ရက်နေ့က စပြီး ညွှန်ကြားထားသည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းတစ်နှစ်ပြည့်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများက အသံတိတ်သပိတ်ပြုလုပ်ရန် စီစဉ်နေကြသည်ကို အာဏာသိမ်းစစ်ကောင်စီက ပြည်သူများ၏ ပိုင်ဆိုင်မှုများသိမ်းခြင်းအပြင် ပုဒ်မများစွာဖြင့် တရားစွဲမည်ဟု ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လုပ်ဆောင်ကာ တားဆီးပိတ်ပင်ရန် ကြိုးစားနေခြင်းဖြစ်သည်။