လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ တပ်စွဲထားသည့် နည်းပညာတက္ကသိုလ် (GTC)အနီးတွင် နေအိမ်များ မီးလောင်နေ

လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ တပ်စွဲထားသည့် နည်းပညာတက္ကသိုလ် (GTC)အနီးတွင် နေအိမ်များ မီးလောင်နေ
ဇန်နဝါရီ 21, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်း နည်းပညာတက္ကသိုလ် (GTC)အနီးရှိ နေအိမ်များ ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၁)ရက်၊ နံနက်ပိုင်းက မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

နည်းပညာတက္ကသိုလ် (GTC) ကျောင်းတွင် စစ်ကောင်စီတပ် တပ်စွဲထားခြင်းဖြစ်ကာ ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်နေကြရသဖြင့် မီးလောင်သည့် အခြေအနေကို မသိရကြောင်း ဒေသခံများက ပြောသည်။