စစ်ကောင်စီတပ်က MNDAA ၏ မန်ရန်တပ်စခန်းကို (၃)ရက် ဆက်တိုက် လက်နက်ကြီးများဖြင့် မရပ် မနားပစ်ခတ် တိုက်ခိုက်

စစ်ကောင်စီတပ်က MNDAA ၏ မန်ရန်တပ်စခန်းကို (၃)ရက် ဆက်တိုက် လက်နက်ကြီးများဖြင့် မရပ် မနားပစ်ခတ် တိုက်ခိုက်
ဇန်နဝါရီ 17, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသရှိ MNDAA ၏ မန်ရန်တပ်စခန်းကို အာဏာသိမ်းစစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် မရပ်မနား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် တပ်ရင်း (၃) ရင်းဖြင့် ရှိမာကျိုက်စခန်းကို ထိုးစစ်ဆင်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က မန်ရန်တပ်စခန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သည့်အပြင် စက်သေနတ်၊ စနိုက်ပါများဖြင့်ပါ အနှောင့်အယှက်ပေး ပစ်ခတ်မှုများ ပြုလုပ်ကြောင်း သိရသည်။

ယင်းနောက် အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလ (၁၅) ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၉) မိနစ်တွင် တပ်ရင်း (၃) ရင်းဖြင့် စုဖွဲ့ထားသည့် အင်အား (၂၀၀) ကျော်ခန့်ဖြင့်   မုံးကိုးခရိုင် ၊ ရှိမာကျိုက်ဒေသရှိ ကိုးကန့်MNDAA၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာ အာဏာသိမ်းတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ကိုးကန့်ဒေသကို ပြီးခဲ့သည့်နှစ် ဩဂုတ်လကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။